ဇနီးသည်နဲ့ ကွာရှင်းခဲ့ရပြီး အလုပ်ပြုတ်တော့မဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရတဲ့ သတင်းထောက် ဟောမူဟျော့ဟာ သတင်းပေးသူတစ်ယောက်ရဲ့ သတင်းပေးမှုကြောင့် မထင်မှတ်ဘဲနဲ့ ကွင်းဆက်လူသတ်မှုကို သတင်းယူဖို့ ဖြစ်လာပါတော့တယ်။ ဒီသတင်းကို သူတို့သတင်းဌာန တစ်ခုတည်းကသာ ပထမဆုံး ထုတ်ပြန်နိုင်ခဲ့ပေမဲ့လည်း တကယ်တမ်းမှာတော့ သူ ရခဲ့တဲ့ အချက်အလက်တွေက မှားယွင်းနေပါတော့တယ်။ အဲဒီလိုနဲ့ မူဟျော့လည်း ကြံရာမရတဲ့မဆုံး သူ့အမှားကို ဖုံးကွယ်ဖို့အတွက် အတုအယောင် ဇာတ်လမ်းကို ဖန်တီးရင်းနဲ့ ကိစ္စတွေက တဖြည်းဖြည်း ကြီးထွားလာတဲ့အခါမှာတော့ …