Orphan HD

Orphan

Drama HD 2025-10-23 8.3 132 Min

ဇာတ်လမ်းက ၁၉၅၇ ခုနှစ်၊ ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့မှာ အခြေတည်ထားတယ်။ အဲဒီအချိန်က ဆိုဗီယက်ကွန်မြူနစ်တွေကို ဆန့်ကျင်တဲ့ ဟန်ဂေရီ တော်လှန်ရေးကြီး ကျရှုံးပြီးစ အချိန်ပေါ့။အဓိက ဇာတ်ကောင်က အန်ဒေါ (Andor) ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးပါ။ သူက အမေဖြစ်သူ ကလာရာ (Klára) နဲ့ နှစ်ယောက်တည်း နေထိုင်ပြီး ဒုတိယကမ္ဘာစစ်တုန်းကနာဇီချွေးတပ်စခန်းမှာ ပျောက်ဆုံးသွားတဲ့ သူ့အဖေကို သူရဲကောင်းတစ်ယောက်လို ကိုးကွယ်ယုံကြည်ထားတဲ့သူပေါ့။တစ်နေ့ကျတော့ ဘီရန် (Berend) ဆိုတဲ့ သားသတ်သမား တစ်ယောက် သူတို့ဆီ ရောက်လာတယ်။ ဘီရန်က ဒုတိယကမ္ဘာစစ်တုန်းက ကလာရာကို နာဇီတွေလက်ကနေ ပိုက်ဆံယူပြီးပုန်းအောင်းခွင့်ပေးခဲ့တဲ့သူ ဖြစ်သလို၊ အန်ဒေါရဲ့ အဖေအရင်းက သူပါဆိုပြီး ပေါ်လာတာပါ။ ဒါပေမဲ့ အန်ဒေါကတော့ ဒီလို ကြမ်းတမ်းပြီး အကျင့်စရိုက်မကောင်းတဲ့သူကို သူ့အဖေဆိုတာ လုံးဝလက်မခံနိုင်ပါဘူး။ဘီရန်က သူတို့အိမ်မှာ ဝင်နေပြီး အမေဖြစ်သူနဲ့ ရင်းနှီးလာတဲ့အခါ အန်ဒေါတစ်ယောက် သူ့အဖေအရင်းဆိုသူကို အမုန်းကြီး မုန်းလာပါတော့တယ်။ အဆုံးမှာတော့ အန်ဒေါက သူ့မိသားစုကိုဒီလူ့လက်ကနေ ကယ်တင်ဖို့ ခိုးထားတဲ့ သေနတ်တစ်လက်နဲ့ အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးပါ။ဒီကားက 35mm ဖလင်နဲ့ ရိုက်ကူးထားပြီး စစ်ပြီးခေတ်ရဲ့ အငွေ့အသက်တွေကို သမိုင်းဝင် ဓာတ်ပုံဟောင်းကြီးတစ်ပုံကို ကြည့်နေရသလို ခံစားရအောင် ဖန်တီးထားတာ တွေ့ရတယ်။ဇာတ်လမ်းသွားကတော့ နည်းနည်းလေး နှေးတယ်လို့ ခံစားရနိုင်ပေမဲ့၊ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေ၊ စစ်ပွဲရဲ့ အနိဋ္ဌာရုံနဲ့ မိသားစု ပြဿနာတွေကို လေးလေးနက်နက်တွေးတောခံစားချင်သူတွေအတွက်တော့ သဘောကျမယ့် ဇာတ်ကားကောင်း တစ်ကားပါ။