၁၉၅၀ကျော်ခုနှစ် ကျေးလက်တောရွာလေးတစ်ရွာမှာကြီးပြင်းခဲ့တဲ့ တီဂျိုဆိုတဲ့ မိန်းကလေးဟာ အချစ်စစ်ကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့ အဲဒီခေတ်ကာလရဲ့ တင်းကျပ်တဲ့ ဓလေ့ထုံးတမ်းတွေ၊ မိသားစု ဂုဏ်သိက္ခာတွေကြားမှာ သူ့ရဲ့ ဆန္ဒတွေကို စတေးခဲ့ရသူပါ။ဒါပေမဲ့ ယနေ့ခတ် မြေးဖြစ်သူ ဆီမီ အလှည့်ရောက်ရှိလာချိန်မှာတော့ ဆီမီက မိသားစုရဲ့စီစဉ်မှုနဲ လက်ထပ်ရတော့မယ့်ခေတ်မီအမျိုးသမီးတစ်ဦးပါ။ဒါပေမဲ့ သူ့ရဲ့မိသားစုသမိုင်းမှာ အမျိုးသမီး တွေကအချစ်ရေးနှင့် အိမ်ထောင်ရေးမှာ ကံမကောင်းခဲ့ကြတဲ့ အစဉ်အလာရှိနေပါတယ်။မင်္ဂလာဆောင်ဖို့ ရက်ပိုင်းအလိုမှာ သူ့ရဲ့ သတို့သားလောင်းအပေါ် သံသယအချို့ စတင်ဝင်ရောက်လာရာကနေ ဆီမီ တစ်ယောက် သူ့ရဲ့ အနာဂတ်အတွက် ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့ သတို့သားလောင်းရဲ့ ရွာကို မိသားစုလိုက်သွားပြီးစုံစမ်းကြတဲ့အခါမှာတော့........။ မင်းသမီးချော Shehnaaz Gill ရဲ့ အရင်ခေတ် တီဂျိုနဲ့ယနေ့ခတ် ဆီမီ ဆိုတဲ့ကောင်မလေးအဖြစ် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။