ချစ်ခင်တွယ်တာရပြီး ဝါသနာလည်းတူတဲ့ဖခင် ကွယ်လွန်သွားပြီးတဲ့နောက်မှာကျောင်းဆရာမဟယ်လင်တစ်ယောက် လမ်းပျောက်နေခဲ့ပါတယ်။အဖေဖြစ်သူကြောင့် သဘာ၀တရားကြီးကို ချစ်ခင်တတ်ခဲ့ပြီး လေ့လာခဲ့သူမို့အဖေဖြစ်သူကို လွမ်းဆွတ်သတိရစိတ်နဲ့ စိတ်ဓာတ်ကျနေတဲ့အချိန်မှာသိမ်းငှက်တစ်ကောင်ကို မွေးမြူသင်ကြားဖို့ ဆုံးဖြတ်လိုက်ပါတယ်။မေဘယ်လ်လို့နာမည်ပေးထားတဲ့ သိမ်းငှက်ကို မွေးမြူသင်ကြားနေရင်းမှာပဲသူ့ရဲ့ အကျဘက်ရောက်နေတဲ့ စိတ်နဲ့ ခံစားချက်တွေကို လက်ခံနားလည်သွားပြီးစိတ်အင်အားအသစ်နဲ့ ပြန်လည်ဖြစ်တည်လာရင်း သိမ်းငှက်နဲ့လူသားတစ်ယောက်ကြားကဆက်နွယ်မှုတွေကို ရင်သပ်ဖွယ် ခံစားကြည့်ရှုကြရမှာပါ။