Amoz Alexander HD

Amoz Alexander

Crime Thriller HD 2025-11-14 2 130 Min

သတင်းထောက်စုံတွဲဖြစ်တဲ့ ဂျွန်နဲ့ မေရီတို့ဟာ ရာဇဝတ်မှုဖြစ်စဉ်တွေကို အင်တာဗျူးတဲ့ အစီအစဉ်တစ်ခုကို လုပ်ကိုင်နေသူတွေပါ။ တစ်နေ့မှာတော့ လူသ-တ်မှုနဲ့ အဓမ္မမှုတွေကြောင့် ထောင်ဒဏ်ကျခံရဖူးတဲ့ အာမော့ဇ်အလက်ဇန်းဒါးဆိုတဲ့ ရာဇဝင်လူဆိုးကြီးဆီကနေ သူကျူးလွန်ခဲ့တဲ့ တခြားလျှို့ဝှက်ချက်တွေကိုပါ ဖွင့်ဟဝန်ခံချင်တယ်ဆိုတဲ့ အီးမေးလ်တစ်စောင်ကို မေရီလက်ခံရရှိခဲ့ပါတယ်။ဒီအင်တာဗျူးဟာ သူတို့အတွက် သာမန်အလုပ်တစ်ခုလို့ ထင်ခဲ့ပေမဲ့ အာမော့ဇ်တစ်ယောက်တည်းနေတဲ့ ခြောက်ခြားစရာ အိမ်ကြီးကို ရောက်သွားတဲ့အခါမှာတော့ အခြေအနေတွေပြောင်းလဲသွားပါတယ်။ အာမော့ဇ်ရဲ့ ထူးဆန်းတဲ့ တောင်းဆိုမှုတွေ၊ မေရီ့အပေါ် ပြလာတဲ့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အပြုအမူတွေနဲ့အတူ သူတို့ရဲ့ အင်တာဗျူးဟာ ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခုအဖြစ် ပြောင်းလဲသွားမလဲဆိုတာကိုတော့...။