ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်...။ ဘ၀ကို နေချင်သလို နေနေပြီးလုပ်ချင်ရာလုပ်တတ်သူမို့ သမီးဖြစ်သူတွေက စိတ်ကျန်းမာရေးဆေးရုံဆီဇွတ်ပို့ဖို့ စီစဉ်ကြပါရော။၂၇ရက်အကြာ အမျိုးသမီးကြီးက ဆေးခန်းကနေ ပြန်လာချိန်မှာတော့သမီးဖြစ်သူတွေမှာ ပိုပြီးထိန်းမနိုင်သိမ်းမရဖြစ်တာကြောင့် စိတ်ကျန်းမာရေးဆေးရုံဆီပြန်ပို့ဖို့အရေး တရားရုံးမှာ ဦးတိုက်ကြပါရော။ဒီမှာပဲ အမျိုးသမီးကြီးကို စိတ်ကျန်းမာရေးဆေးရုံဆီ ပြန်ပို့သင့်မပို့သင့်တရားရုံးကနေ ကျွမ်းကျင်ပညာရှင်တစ်ဦး စေလွှတ်လိုက်တဲ့အခါမှာတော့...။