အီဟယ်ရီဆိုတဲ့ စီနီယာသတင်းထောက်ဟာ မတရားမှုဆိုရင် မျက်ကွယ်မပြုနိုင်ဘဲ တစ်ဇွတ်ထိုးလုပ်တတ်တဲ့သူတစ်ဦးပါ။ သူမဟာ သတင်းတွေကို လိုက်ထောက်လှမ်းရင်း လူသူကင်းမဲ့ပြီးထူးဆန်းတဲ့ ကျွန်းပေါ်ကို ရောက်သွားခဲ့ပါတယ်။ ခေါင်းပုံဖြတ်တဲ့ အလုပ်ရှင်တွေကြောင့် လူ့အခွင့်အရေးကို အပြည့်အဝမရှိနေတဲ့ အလုပ်သမားတွေအကြောင်းကို သူမရဲ့ ဂျူနီယာ အီဆော့ဟွန်းနဲ့အတူ ထူးဆန်းတဲ့ ကျွန်းပေါ်မှာ ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ တစ်ဆတစ်ဆ ရွာသားတွေရဲ့ မူမမှန်မှုတွေ၊ မျက်ကွယ်ပြုထားကြတဲ့ တာဝန်ရှိသူတွေကို တွန်းလှန်ရင်း နောက်ဆုံးမှာတော့ ဘယ်လိုအရာတွေက စောင့်ကြိုနေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။