(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) Élise နဲ့ Marion ဆိုတဲ့ lesbian ချစ်သူနှစ်ယောက်အကြောင်းရိုက်ထားတဲ့ဒရမ်မာကားလေးပါ။သူတို့နှစ်ယောက်ဟာ အချိန်အကြာကြီးတွဲခဲ့ပြီးမှ တစ်နေ့မှာ မိသားစုတစ်ခု တည်ထောင်ချင်တယ် ဆိုပြီးအတွေးဝင်လာကြတယ်။ သူတို့နေတဲ့ပြင်သစ်မှာ လိင်တူစုံတွဲတွေကို ကလေးမွေးစားခွင့်ယူခွင့် ပထမဆုံးခွင့်ပြုလိုက်တဲ့ သတင်းကိုကြားကြားချင်းအချိန်မှာပါပဲ။ဒါကြောင့် Marion က ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်ပြီး donor နည်းလမ်းနဲ့ ကိုယ်ဝန်ရလာပါတယ်။ အစမှာ သူတို့နှစ်ယောက် အရမ်းပျော်ရွှင်ကြပေမယ့် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဖိအားတွေမိသားစုအသိုင်းအဝိုင်းရဲ့ လက်မခံမှု၊ အမြင်တွေကြောင့် ဆက်ဆံရေး အနည်းငယ် ခက်ခဲလာပြီး သူတို့ ၂ ယောက်ရဲ့ဘဝကဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရမယ့်ဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။