Kurinjiဆိုတာ အိန္ဒိယတောင်ပိုင်း တောင်တန်းဒေသတွေမှာ ၁၂နှစ်နေမှ တစ်ကြိမ်သာပွင့်တဲ့ ပန်းတစ်မျိုးပေါ့။ ဒီဇာတ်ကားမှာ ထူးခြားတာက သရုပ်ဆောင်အများစုဟာ တကယ့်မျိုးနွယ်စုဝင်တွေ ကိုယ်တိုင်ဖြစ်ပြီး သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေ၊ စိုက်ပျိုးရေးနဲ့ သစ်မြစ်တွေကို အနုပညာလက်ရာအဖြစ် ထုလုပ်ပြီး အသက်မွေးကြပုံကို အစစ်အမှန်အတိုင်း မြင်တွေ့ရမှာပါ။သဘာဝအလှအပနဲ့ လူငယ်တွေနှလုံးသားရဲ့ ခံစားချက်တွေကို အဓိကပုံဖော်ထားတဲ့ မလေယာလမ်းရုပ်ရှင်တစ်ကားပါ။တောင်တန်းတွေအလယ်မှာရှိတဲ့ သာယာလှပတဲ့ ကျေးရွာလေးတစ်ရွာ…။ မာသန် နဲ့ သူ့သူငယ်ချင်း ဗယ်လန်တို့ မိသားစုရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ဘဝခရီး။ သစ်တောရဲ့ရနံ့နဲ့ မိုးတိမ်တွေကြားက အချစ်၊ မျှော်လင့်ချက်နဲ့ လျှို့ဝှက်ချက်တွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။