သတ္တုတွင်းလုပ်သားတွေရှိတဲ့ ကန္တာရမြို့လေးမှာ ဆန်းကြယ်တဲ့ ပလိပ်ရောဂါတစ်မျိုးက ပြန့်ပြီး ယောက်ျားတိုင်း ကူးစက်ခံနေရတယ်။ အဲဒီခေတ်က အယူအဆအမှားတွေအရ ဒီရောဂါဟာ"ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကြည့်လိုက်တဲ့ အကြည့်တစ်ချက်" ကနေတစ်ဆင့် ကူးစက်တာလို့ မြို့ခံတွေက ယုံကြည်ကြပြီး ဒီအယူအဆကြောင့် မြို့ထဲက အမျိုးသားတွေဟာ သူတို့ကိုယ်သူတို့ရောဂါမကူးအောင် မျက်စိမှိတ်တာ၊ မျက်စိစည်းတာတွေ လုပ်လာကြတဲ့အထိ ကြောက်စိတ်တွေ လွှမ်းမိုးလာပါတယ်။ အဲဒီမြို့မှာ ၁၁ နှစ်အရွယ် ကလေးမလေး လီဒီးယားက မိန်းမလျာအသိုင်းအဝိုင်းမှာ မွေးစားခံရပြီး ကြီးပြင်းလာတဲ့ ကလေးမလေးဖြစ်ပြီး သူ့မွေးစားမိခင် ကြိုးကြာနီ (Flamingo)ကွယ်လွန်သွားတဲ့အချိန်မှာ အဲဒီရောဂါရဲ့ အမှန်တရားကို ရှာဖွေဖို ကြိုးစားပါတော့တယ်။ဒီကားဟာ သာမန်ရောဂါအကြောင်း ရိုက်ထားတဲ့ကား မဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ သတင်းမှားတွေ နဲ့ အမုန်းတရားတွေ ဘယ်လိုပျံ့နှံ့တတ်လဲ၊ လူနည်းစုတွေအပေါ်ဘယ်လိုဖိနှိပ်တတ်လဲဆိုတာကို ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့အမြင်နဲ့ ဝေဖန်ပြထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာကို ခံစားချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါ။