ဖက်ဒရီကိုနဲ့ ဖာဘရီဇီယိုဟာ ရှေ့နေစာမေးပွဲကို ဖြတ်လမ်းနည်းနဲ့ဖြေပြီး အလုပ်ရဖို့ကြိုးစားနေသူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မိဘတွေက အမတ်တွေဖြစ်ပါတယ်။ ဖက်ဒရီကိုရဲ့အဖေက ရိုးသားတဲ့အမတ်ဖြစ်တာကြောင့် သားဖြစ်သူကို မကူညီပေမဲ့ ဖာဘရီဇီယိုကတော့ သူ့အမေရဲ့အကူအညီရပေမဲ့ ဉာဏ်မကောင်းလို့ စာမေးပွဲကျနေရတဲ့သူပါ။ အဲဒီလို အသိုင်းအဝိုင်းကြီးကပေမဲ့ တိုင်ပတ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုထဲကို ဉာဏ်ကောင်းပေမဲ့ ဆင်းရဲလို့တိုင်ပတ်နေတဲ့ လူကာဆိုတဲ့ ရှေ့နေတစ်ယောက်ပါ ဝင်လာတဲ့အခါမှာတော့...။