ဂျိုဂျင်မန်ဟာ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမဖြစ်သူ အီဆူဟီးကတော့ရုပ်သံလွှင့်ရုံတစ်ခုက အစီအစဉ်တင်ဆက်သူပါ။ သမီးလေး မွေးပြီးနောက်ပိုင်း အီဆူဟီးက အလုပ်ပြန်ဝင်လုပ်ခဲ့ပေမဲ့ ဂျိုဂျင်မန်ကတော့ အလုပ်ထွက်ပြီး အိမ်မှာပဲနေထိုင်ကာ သမီးလေးကို ပြုစု စောင့်ရှောက် အိမ်အလုပ်တွေလုပ်ရင်း အိမ်ထောင်ရှင်အမျိုးသား အဖြစ်နဲ့ နေထိုင်ခဲ့ပါတယ်။အလုပ်မရှိဘဲ အိမ်မှာပဲနေတဲ့သူဆိုပြီး အပေါင်းအသင်းတချို့က နှိမ်ကြပေမဲ့ ဂျိုဂျင်မန်တစ်ယောက် အိမ်ထောင်ရှင်အမျိုးသားအဖြစ် ကျေကျေနပ်နပ် ခံယူရင်း နေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ငွေကြေးပြဿနာတစ်ခုရင်ဆိုင်ရတဲ့အခါမှာတော့ ဆုကြေးငွေလိုချင်တာကြောင့်"အိမ်ထောင်ရှင်မများ ဉာဏ်စမ်းပဟေဠိဘုရင်"ဆိုတဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတော့တယ်။ဂျိုဂျင်မန်တစ်ယောက် လိုချင်တဲ့ဆုကြေးငွေကို ရရှိသွားနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးရှင်။