Banduan HD

Banduan

Action Crime Thriller HD 2025-11-06 7 127 Min

အိန္ဒိယရုပ်ရှင်လောကကို ကိုင်လှုပ်ခဲ့တဲ့ Kaithi ဇာတ်ကားကို မလေးရှားရဲ့ အငွေ့အသက်တွေနဲ့ ပုံဖော်ထားတဲ့ Banduanဇာတ်ကားဟာ သာမန်အက်ရှင်ကားတစ်ကားထက် ပိုပါတယ်။ဒီဇာတ်ကားဟာအမှားတစ်ခုကြောင့် ဘဝပျက်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ "နောင်တ" နဲ့ "ဖခင်မေတ္တာ" ကို ဖော်ကျူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်....ထောင်နံရံတွေကြားမှာ ဆယ်စုနှစ်တစ်ခုစာ အမှောင်ကျခဲ့တဲ့ဒါလီတစ်ယောက် လွတ်လပ်ခွင့်ရတဲ့နေ့မှာ သူအလိုချင်ဆုံးက "လွတ်လပ်မှု" မဟုတ်ပါဘူး..သူတစ်ခါမှ မမြင်ဖူးသေးဘဲမိဘမဲ့ဂေဟာမှာ ကြီးပြင်းနေရတဲ့ သူ့ရဲ့သမီးလေးကို ရင်ခွင်ပိုက်ခွင့်ရဖို့ပဲ ဖြစ်ပါတယ်...ဒါပေမဲ့ ကံကြမ္မာက သူ့ကို သမီးဆီအသွား လမ်းခုလတ်မှာတင် ရက်စက်တဲ့ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါတယ်...အဆိပ်ခတ်ခံထားရတဲ့ ရဲအရာရှိရာပေါင်းများစွာရဲ့ အသက်ကိုကယ်တင်ဖို့ တာဝန်က သူ့ပခုံးပေါ် ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြဖို့ ညွှန်းဆိုပေးလိုက်ရပါတယ်