The King HD

The King

Action Crime HD 2017-01-18 7.3 134 Min

ဆင်းရဲနွမ်းပါးတဲ့ဘဝကနေ ရုန်းထွက်ချင်တဲ့ Park Tae-su (Jo In-sung) ဟာ လောကမှာ အာဏာအရှိဆုံးက ..  အစိုးရရှေ့နေဆိုတာကို သိသွားပြီးနောက် အသည်းအသန် ကြိုးစားကာရှေ့နေတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း လက်တွေ့လောကမှာတော့ သူထင်ထားသလို မဟုတ်ဘဲ အာဏာအရှိဆုံးသူ Han Kang-sik (Jung Woo-sung) ရဲ့ အဖွဲ့ထဲ ရောက်သွားတဲ့အခါမှာတော့ အာဏာရဲ့အရသာနဲ့အတူ နိုင်ငံရေး လှည့်ကွက်တွေထဲကို ကျွံဝင်သွားပါတော့တယ်။သူ့ရဲ့ အကောင်းဆုံးအခြေအနေကို ရောက်ရှိသွားပြီး နောက်ကွယ်မှာတော့ ငယ်သူငယ်ချင်းဖြစ်သူ လူမိုက် Choi Du-il (Ryu Jun-yeol) က  ကူညီပေးနေခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ သစ္စာဖောက်မှုနဲ့ ကြုံလာရပြီး အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရတဲ့အထိ အခြေအနေတွေ ဆိုးဝါးသွားတဲ့အခါမှာတော့ Tae-su ဟာသွေးအေးအေးနဲ့ လက်စားချေဖို့ ပြင်ဆင်ပါတော့တယ်။ဒီဇာတ်ကားထဲမှာ နိုင်ငံရေးလောကရဲ့အာဏာယှဉ်ပြိုင်မှုကို ပုံဖော်ထားပြီး မင်းသားတွေရဲ့သရုပ်ဆောင်မှု၊ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ လုံးဝကို လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးမို့ ရှုစားလိုက်ပါဦးနော် .. ။