Everyone Knows Every Juan HD

Everyone Knows Every Juan

Comedy Drama HD 2025-10-22 6 110 Min

စီဗီလာ မောင်နှမတစ်စုဟာ မိခင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်မှာ သူတို့ငယ်စဉ်ကတည်းက နေထိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကိုပြန်လည်ရောက်ရှိလာကြပါတယ်။ သူတို့မောင်နှမတွေဟာအစ်ကိုအကြီးဆုံး တူပေ့ အသက် ၇၀ ကနေပြီး အငယ်ဆုံးသမီး မီရာကယ်လူလတ်ပိုင်းအထိ အရွယ်စုံပါဝင်ပြီး အလုပ်အကိုင်နဲ့စိတ်နေစိတ်ထား ခံယူချက်တွေဟာလည်းတစ်ယောက်တစ်ပေါက်ဖြစ်ပါတယ်။ဒီလို အရွယ်စုံ အလွှာစုံ မောင်နှမတွေမဖြစ်မနေစုဝေးကြရတဲ့ ပွဲလေးဟာ မကြာခင်မှာပဲ တစ်ယောက်နဲ့တစ်ယောက်ကြားကဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ၊ နာကျည်းမှုတွေနဲ့ ဝုန်းဒိုင်းကြဲပွက်လောရိုက်ဖို့ဖြစ်လာပါတော့တယ်။ ဒီဖြစ်ရပ်တွေကပဲသူတို့မောင်နှမတွေကြားက သံယောဇဉ်ကြိုးတွေကို စမ်းသပ်ရာဖြစ်လာမှာဖြစ်ပါတယ်။မိဘတွေ ကွယ်လွန်ပြီးမောင်နှမတွေပြန်လည်ဆုံတွေ့တဲ့ ဇာတ်လမ်းမျိုးဟာ အသစ်အဆန်းမဟုတ်ပေမယ့် ဒါရိုက်တာလည်းဖြစ်သရုပ်ဆောင်လည်းဖြစ်တဲ့ Alessandra de Rossiကဇာတ်ကားကို One Take နဲ့ရိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ သရုပ်ဆောင်တွေအတွက်ရောဒါရိုက်တာအတွက်ပါ စိန်ခေါ်မှုကြီးပေမယ့် တာဝန်ကျေခဲ့ကြတဲ့အတွက် သေသပ်လှပတဲ့ရိုက်ချက်တွေနဲ့ စီနီမာတိုဂရပ်ဖီကိုတွေ့မြင်ရမှာပါ။ နာမည်ကျော်ဝါရင့် သရုပ်ဆောင်ကြီးတွေချည်းပါဝင်ထားတာဖြစ်လို့ သရုပ်ဆောင်မှုက လုံး၀ အပြစ်ပြောစရာမရှိသလိုသဘာ၀ကျတဲ့ဟာသတွေကြောင့်မနားတမ်းခွီနေရမှာလည်းဖြစ်ပါသေးတယ်။ ဇာတ်လမ်းစကတည်းက ကိုယ်တိုင်သူတို့နဲ့အတူ စီးမျောပါဝင်သွားပြီး စီဗီလာအိမ်သားတစ်ယောက်အဖြစ်တစ်သားတည်းကျသွားသလိုခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။