ဟီရာက သူ့အမေ မုဆိုးမနဲ့အတူ နေထိုင်ရင်း နယ်လှည့်ပြီးဇာတ်ကဖျော်ဖြေကာ ဘ၀ကိုအေးအေးဆေးဆေး ဖြတ်သန်းနေသူတစ်ယောက်ပါ။ ဟီရာတို့ရွာမှာ သုံးဘီးနဲ့ သရက်သီးသနပ် ငရုတ်သီးသနပ် သနပ်ပေါင်းမျိုးစုံလိုက်ရောင်းနေတဲ့ဈေးသည် တစ်ယောက်ရှိပါတယ်။သူ့ရဲ့သနပ်က အရမ်းစားကောင်းလို့ တစ်ရွာလုံးကမှော်သနပ်ဆိုပြီးတင်စားခေါ်ကြတာပေါ့ တစ်နေ့တော့ သနပ်သည်တစ်ယောက် ရုတ်တရတ်ဆုံးပါးသွားပါလေရော အမှန်တော့သူရောင်းနေတဲ့ မှော်သနပ်ဆိုတာ ဘိန်းတွေနဲ့လုပ်ထားတာဖြစ်ပြီး သူ့ဆီမှာ ၀ယ်နေကျဖောက်သည်တွေ အကုန် တစ်ရွာလုံးလိုလိုကလည်းကပ်တိုးလေးဘိန်းစွဲနေကြသူတွေပါ ဒီလိုနဲ့ ပစ္စည်းပြတ်သွားတဲ့ ဟီရာတို့တစ်ရွာလုံး ဘပ်စ်ကားတစ်စီးနဲ့ ပစ္စည်းရှာပုံတော်ဖွင့်ကြတဲ့အခါမှာ ဘယ်လိုအလွဲလွဲအချော်ချော် တွေနဲ့တွေ့ကြုံရမလဲဆိုတာကိုတော့.......