In Vitro HD

In Vitro

Horror Thriller Science Fiction HD 2025-03-27 6.18 88 Min

အခုတစ်ခါမှာတော့ In Vitroဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားဟာ ရိုးရိုး Sci-Fi ကားတွေလို ဂြိုဟ်သားတွေ၊ စက်ရုပ်တွေနဲ့ တိုက်ခိုက်နေတာမျိုး မဟုတ်ဘဲ လူ့စိတ်ရဲ့ အမှောင်ခြမ်းနဲ့  နည်းပညာရဲ့ ကြောက်စရာကောင်းပုံကို ပုံဖော်ထားတဲ့ Psychological Thriller ကားကောင်းတစ်ကားပဲဖြစ်ပါတယ်....ရာသီဥတု ဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးပျက်စီးလုနီးပါးဖြစ်နေတဲ့ အနာဂတ်မှာ  ဂျက်နဲ့လေလာဆိုတဲ့ လင်မယားနှစ်ယောက်ဟာ  လူသူဝေးတဲ့ သြစတြေးလျ သဲကန္တာရထဲက  နွားမွေးမြူရေးခြံကြီးတစ်ခုမှာ နေထိုင်ကြပါတယ်။ ဂျက်က မျိုးရိုးဗီဇ နည်းပညာသစ်တွေကို စမ်းသပ်နေသူပါ။တစ်နေ့မှာတော့ သူတို့ခြံထဲကို ထူးဆန်းတဲ့  ကျူးကျော်သူတစ်ယောက် ရောက်လာခဲ့ပါတယ်။ အဲဒီ ကျူးကျော်သူရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာတော့ လေလာတစ်ယောက် သူမ သိထားတဲ့ ကမ္ဘာကြီးတစ်ခုလုံးဟာ  အလိမ်အညာတွေ ဖြစ်နေမှန်း သိလိုက်ရပါတော့တယ်.......