ပြင်သစ်ဆေးဇာတ်လမ်းရုပ်ရှင်ကားလေးပါ ပြင်သစ်စတိုင် storytelling ကြားက Life & death အခြေအနေကို ကောင်းကောင်းပုံဖော်ရိုက်ပြထားတယ်ဇာတ်လမ်းက Simonဆိုတဲ့ကောင်လေးဟာကားမတော်တဆမှုကြောင့် ဦးနှောက်သေဆုံး သွားတာက စတင်ပါတယ်။သူ့မိဘတွေ စိတ်ထိခိုက်နေချိန် ဆရာဝန်တွေက Simon ရဲ့ နှလုံးကို လှူဒါန်းထားမလား လို့မေးကြပါတယ်။တစ်ဖက်မှာ Claire ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာနှလုံးရောဂါပြင်းထန်ပြီးအသက်ရှင်ဖို့ နှလုံးအစားထိုး တစ်ခုကို မျှော်လင့်နေတယ်ဇာတ်လမ်းတစ်လျှောက် မိဘတွေရဲ့ နာကျင်ခံစားရမှုဆရာဝန်တွေရဲ့ အချိန်နဲ့ပြိုင်ရတဲ့ အသက်ကယ်ရတဲ့အလုပ်အသက်ရှင်ဖို့လိုအပ်တဲ့ မျှော်လင့်ချက်တွေကိုတစ်ပြိုင်နက် ပြသထားတဲ့ကားကောင်းလေးဖြစ်ပါတယ်