Twisted Fate HD

Twisted Fate

Drama Thriller HD 2025-10-02 7.3 107 Min

ရာဝါဟာ လေယာဉ်ပျက်ကျမှုတစ်ခုမှာပါဝင်ခဲ့ပြီး တစ်ဦးတည်းသော အသက်ရှင်သူအဖြစ်ကျန်ရစ်ခဲ့ပါတယ်။ခန္ဓာကိုယ်က ဒဏ်ရာတွေရော၊ စိတ်ဒဏ်ရာတွေကိုပါ ရင်ဆိုင်လုံးပန်းနေရတဲ့သူဟာနာလန်ပြန်ထူဖို့ကြိုးစားနေဆဲအချိန်မှာပဲ ပဟေဠိတစ်ခုလိုဖြစ်နေခဲ့တဲ့ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးတဲ့အမှုကြီးမှာပါ အဓိကမျက်မြင်သက်သေဖြစ်လာခဲ့ပါတယ်။အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေအရ သူ့ကိုအကြမ်းဖက်သမားတစ်ဦးအဖြစ်ပုံဖော်နေကြသလို၊ သူနဲ့ခုံမှားထိုင်မိတဲ့သူကသေဆုံးသွားပြီး သူက အသက်ရှင်နေခဲ့တဲ့အတွက်ကျန်ရစ်တဲ့ ဇနီးဖြစ်သူရဲ့ ဒေါသနဲ့စွပ်စွဲမှုဒဏ်တွေကိုလည်း တစ်ပြိုင်တည်းရင်ဆိုင်နေရပါသေးတယ်။Tukar.Takdir.2025 ဟာ Disaster တစ်ခုကို ထူးခြားတဲ့ အမြင်နဲ့ရှုထောင့်က ချဉ်းကပ်ပြထားတာဖြစ်ပြီး ကျန်ရစ်သူတွေရင်ဆိုင်ရတဲ့ပူဆွေးသောကနဲ့လူမှုရေးအခက်အခဲတွေ၊စိတ်ဒဏ်ရာတွေတင်မက၊ လေယာဉ်ပျက်ကျမှုအပေါ်စုံစမ်းစစ်ဆေးမှုနဲ့နောက်ဆက်တွဲအရေးယူမှုတာဝန်ယူတာဝန်ခံမှုတွေကိုပါ ဘက်ပေါင်းစုံက စိတ်ဝင်စားစရာကောင်းအောင်၊ခံစားချက်ပေးနိုင်အောင်တင်ဆက်ထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။