Renoir HD

Renoir

Drama HD 2025-06-20 6.654 120 Min

၁၉၈၇ ခုနှစ် တိုကျိုမြို့ရဲ့ လူနေမှုဘဝမှာ အသက် ၁၁ နှစ်အရွယ် ဖူကီလေးဟာ တခြားကလေးတွေနဲ့မတူ ထူးခြားဆန်းပြားတဲ့ စိတ်ကူးလေးတွေရှိပြီး စိတ်ခံစားချက် အရမ်းနုနယ်လွန်းသူလေးပါ။ ဒါပေမဲ့ သူ့ရဲ့ ကမ္ဘာလေးကတော့ သာယာမနေခဲ့ပါဘူး။ ကင်ဆာရောဂါဝေဒနာကို အပြင်းအထန် ခံစားနေရတဲ့ အဖေရယ် အလုပ်ခွင်ထဲမှာ ရုန်းကန်ရင်း စိတ်ဖိစီးနေတဲ့ အမေတို့ကြောင့် သူဟာ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေထက် ဘဝရဲ့ ခါးသီးစရာတွေကို စတင်သိမြင်နေရသူလည်းဖြစ်ပါတယ်။ ဘဝတိုက်ပွဲ ကိုယ်စီ ဆင်နွှဲနေကြတဲ့ ခက်ခဲလှတဲ့ လောကကြီးမှာ ဖူကီလေးရော သူ့ဘဝသူ ဘယ်လိုကြိုးစားရင်ဆိုင်ဖြတ်သန်းမလဲဆိုတာကို မျှဝေခံစားကြည့်လိုက်ရအောင်ပါ...