ယာကူဇာမျိုးရိုး တာချီဘာနာရဲ့သား ကီခုအိုဟာ အနုပညာကို ဝါသနာပါသူဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာတော့ .. နာမည်ကြီးမင်းသား ဟာနာအိ ဟန်ဂျီရိုဟာ သူတို့မြို့ဆီ လာရောက်ဖျော်ဖြေရင်း ကီခုအိုက ဂေရှားမယ်ပုံစံနဲ့ ဖျော်ဖြေတင်ဆက်ပြနေတာကို မြင်သွားပြီး အနုပညာပါရမီရှိသူတို့သုံးသပ်ခဲ့ပါတယ်။ အဖေဖြစ်သူ လုပ်ကြံခံရပြီးနောက် မိဘမဲ့ဖြစ်သွားတဲ့ ကီခုအိုဟာ ဟန်ဂျီရိုဆီကို အရောက်သွားခဲ့ပါတယ်။ဟန်ဂျီရိုက သူ့သား ရှူန်ဆုကဲ နဲ့ ရွယ်တူဖြစ်တဲ့ ကီခုအိုကို မွေးစားရင်း အကပညာရော အတန်းပညာပါ သင်ကြားပေးခဲ့တယ်။ ခါဘူကီ အနုပညာကို မျိုးရိုးစဉ်ဆက် အမွေဆက်ခံရမဲ့ ဟန်ဂျီရိုရဲ့သား ရှူန်ဆုကဲနဲ့ အနုပညာပါရမီ ပါလာသူ ကီခုအို၊ ဆရာတူ တပည့်နှစ်ယောက် ၁၀ စုနှစ်များစွာအကြာမှာ ဘယ်သူက နိုင်ငံဂုဏ်ဆောင်အနုပညာဘွဲ့ဂုဏ်ထူးကို ဆွတ်ခူးနိုင်မှာလဲ...ဒီဘွဲ့အတွက် ဘာတွေ ပေးဆပ်ရမလဲဆိုတာ...ဂျပန်နိင်ငံရဲ့ ရိုးရာယဉ်ကျေးမှုကို လေ့လာရင်း စီးမျောခံစားကြည့်လိုက်ရအောင်ပါ...