Tokyo MER: Nankai Mission FHD

Tokyo MER: Nankai Mission

Action Drama Thriller FHD 2025-08-01 8.3 0 Min

တိုကျို MER အဖွဲ့က အဖွဲ့ခွဲ နဲန်ခါအိမစ်ရှင်အဖွဲ့မှာ အဖွဲ့ခေါင်းဆောင် ကီတာမီနဲ့ အဖွဲ့ခေါင်းဆောင်အလျောင်းအလျာဖြစ်သူ ဒေါက်တာ မာကီအပါအဝင် ဆေးအဖွဲ့ဝင် ၆ ယောက် ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းစုလေးတွေဆီကို အရေးပေါ် ဆေးကုသပေးရေး အစမ်းကာလ ၆လအဖြစ် ထမ်းဆောင်ဖို့ စက်လှေပေါ်ကို ခွဲစိတ်ကုသရေး NK1 ယာဉ်ကို တင်ပြီးလှည့်လည်နေခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကာလ ၆ လ နီးပါး ဘာအရေးပေါ်ကုသမှုမှ မလုပ်ပေးရဘဲ ကျွန်းတွေဆီလှည့်ပတ်ကာ သာမန်ကျန်းမာရေးစစ်ဆေးရုံသာ လုပ်နေခဲ့ရပါတယ်။ ရည်မှန်းချက်တွေနဲ့ ကွဲလွဲနေတဲ့ နဲန်ခါအိ MER အဖွဲ့ရဲ့ ၆လပြည့်ဖို့ ရက်သတ္တပတ် ၇ ရက်အလို၊ အထက်မှလည်း ဒီအဖွဲ့ကိုဖျက်သိမ်းဖို့ ပြောလာကြချိန်မှာတော့ နဲန်ခါအိ MER အဖွဲ့ဟာအရေးပေါ်ကုသရေးလုပ်ဖို့ ကြုံလာရတဲ့အပြင် တစ်ခါမှ မကြုံဖူးတဲ့ သဘာဝဘေးအန္တရာယ်နဲ့ပါ ထပ်ပြီးရင်ဆိုင်လာရပါတော့တယ်။နဲန်ခါအိ MER (၆)ယောက်အဖွဲ့က ကျွန်းသူကျွန်းသား ၇၉ ယောက်လုံးကို ကယ်တင်ပေးနိုင်ပါ့မလား...အသက်ဘေးက လွတ်မြောက်ကြပါ့မလားဆိုတာ...ရင်တထိတ်ထိတ်နဲ့ စီးမျောခံစားကြည့်လိုက်ရအောင်ပါ...