၂၀၂၅ မှာ ထွက်ရှိထားတဲ့ "The Captive" (စပိန်လို: El Cautivo) ရုပ်ရှင်ကားက ကမ္ဘာကျော် "Don Quixote" ဝတ္ထုကြီးကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး Miguel de Cervantes ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံထားတာပါ။ ဒါပေမဲ့ သူ ကျော်ကြားမလာခင် အယ်လ်ဂျီးယားမှာ သုံ့ပန်းအဖြစ် ၅ နှစ်ကြာ အဖမ်းခံခဲ့ရတဲ့ အချိန်ကို အဓိက ရိုက်ပြထားတာဖြစ်လို့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ဇာတ်လမ်းက ၁၅၇၅ ခုနှစ်မှာ စတာပါ။ စပိန်ရေတပ်သားလေး Miguel ဟာ စစ်ပွဲမှာ ဒဏ်ရာရပြီး ပြန်အလာပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ သူဟာ အယ်လ်ဂျီးယားကို ရောက်သွားပြီး ပြန်ပေးငွေနဲ့ လဲလှယ်ဖို့ သုံ့ပန်းအဖြစ် ချုပ်နှောင်ခံရတာပါ။ဒီဇာတ်ကားရဲ့ အနှစ်သာရက "ပုံပြင်ပြောခြင်းရဲ့ စွမ်းအား"ပါပဲ။ မျှော်လင့်ချက်မဲ့နေတဲ့ ထောင်ထဲမှာ Miguel ကသူရဲကောင်းပုံပြင်တွေ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို တခြားအကျဉ်းသားတွေကို ပြောပြရင်း သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်။နောက်ဆုံးမှာတော့ သူ့ရဲ့ ပုံပြင်ပြောကောင်းလွန်းတဲ့ အရည်အချင်းက အယ်လ်ဂျီးယားရဲ့ အုပ်ချုပ်ရေးမှူး (Hasan) ရဲ့ အာရုံစိုက်မှုကိုပါ ရရှိသွားပါတယ်။ဒီကားထဲမှာ သူက ထောင်ထဲကနေ လွတ်မြောက်ဖို့ ကြိုးစားပုံတွေ၊ အကျဉ်းသားအချင်းချင်းကြားက ပြဿနာတွေနဲ့ သူကိုယ်တိုင် ဘယ်လိုမျိုး စာရေးဆရာကြီး ဖြစ်လာမလဲဆိုတဲ့ အလှည့်အပြောင်းတွေကို ရင်ခုန်စရာ ရိုက်ပြထားပါတယ်။ဒီကားက သမိုင်းကြောင်းကိုပဲ တောက်လျှောက်ပြနေတာမဟုတ်ဘဲ ဇာတ်ကောင်တွေကြားက ခံစားချက်နဲ့ စိတ်လှုပ်ရှားစရာ အချိုးအကွေ့တွေကို "Queer Twist" လေးတွေပါ ထည့်ပြီး ဆန်းသစ်အောင် ရိုက်ပြထားတယ်လို့ ဝေဖန်ရေးသမားတွေက ဆိုကြပါတယ်။ ဒီကားက ရိုးရိုးသမိုင်းကားမျိုးမဟုတ်ဘဲ လူတစ်ယောက်က ဒုက္ခတွေကြားထဲမှာ စိတ်ကူးယဉ်အနုပညာနဲ့ ဘယ်လိုရှင်သန်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမယ့် ကားကောင်းတစ်ကားပါပဲ။