Pocong.the.Origin.2019 ဟာ ၂၀၀၆ တုန်းက အကြောင်းကြောင်းကြောင့် ပိတ်ပင်ခံခဲ့ရတဲ့ မူလဇာတ်ကားကိုအခြေခံပြီး မူလဒါရိုက်တာကိုယ်တိုင်ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။အဲ့ဒီအချိန်ဆင်ဆာအဖွဲ့ရဲ့အဆိုအရဇာတ်ကားထဲက ခြောက်လှန့်ခန်းတွေနဲ့သွေးထွက်သံယိုအခန်းတွေဟာပရိသတ်တွေအတွက်စိတ်ဒုက္ခဖြစ်စေနိုင်ပြီးလူမဆန်တဲ့ရက်စက်မှုတွေပါဝင်နေတယ်လို့ယူဆခဲ့ကြပါတယ်။ ဒါတင်မက ၁၉၉၈ အဓိကရုဏ်းကိုအခြေခံထားတာဖြစ်လို့နိုင်ငံသားတွေရဲ့စိတ်ဒဏ်ရာကိုပြန်လည်နှိုးဆွသလိုဖြစ်မှာစိုးရိမ်တာကလည်း အကြောင်းတရားတစ်ခုဖြစ်ခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဇွဲမလျှော့တဲ့ ဒါရိုက်တာက အဲ့ဒီနှစ်မှာပဲ ဇာတ်လမ်းအသစ်နဲ့Pocong 2 ကိုရိုက်ကူးပြသခွင့်ရပြီးအောင်မြင်ခဲ့သလို အခု ဇာတ်ကားကတော့ ပိတ်ပင်ခံခဲ့ရတဲ့မူရင်းကားကိုခေတ်နဲ့အညီပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူသတ်မှုပေါင်းများစွာနဲ့သေဒဏ်ပေးပေမယ့် မသေနိုင်တဲ့ နှစ်ကြိမ်တိုင်ပြန်ပြီးသေဒဏ်ပေးခဲ့ရတဲ့အကျဉ်းသား အာနန်တာနဲ့စတင်ပါတယ်။ သူက မသေခင်မှာသူ့သမီးဖြစ်သူ ဆပ်စ်သီကို ဇာတိရွာမှာပဲ သူ့အလောင်းကိုပြန်လည်မြုပ်နှံပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။ အဲ့ဒီလိုနဲ့ ဆပ်စ်သီတစ်ယောက်အကျဉ်းထောင်အစောင့်တစ်ဦးနဲ့အတူဖခင်ဖြစ်သူရဲ့အလောင်းကိုသယ်ဆောင်ပြီး ခရီးထွက်လာချိန် လမ်းခရီးမှာထူးဆန်းတဲ့အနှောင့်အယှက်တွေသဘာ၀လွန်ဖြစ်ရပ်တွေနဲ့ကြုံတွေ့ရပုံကိုတွေ့မြင်ကြရမှာပါ။ အာနန်တာက ဘယ်သူလဲ? ဘာကြောင့် သူ့ကိုလူတွေဖိမ့်ဖိမ့်တုန်အောင်ကြောက်လန့်ကြသလဲ? သေပြီးတဲ့နောက်မှာတောင် သူ့ဆီမှာ ဘယ်လိုအစွမ်းတွေရှိနေသေးလဲ? ဆက်လက်ရှုစားကြပါ။