ကျုံးယွမ်ပွဲတော်အချိန်အခါမှာ ငရဲတံခါးတွေပွင့်လာတာတာကြောင့် များစွာတဲ့ဝိညာဥ်တွေ မကောင်းဆိုးဝါးတွေ သရဲတစ္ဆေတွေ မြေပေါ်ရောက်လာတယ်လို့ဆိုကြတယ်ယင်းယန်ပညာရှင်နှစ်ဦးဖြစ်တဲ့ ယဲ့ဝူရွှမ်းနဲ့လိဖေးယွင်တို့ဟာ ရှိုးလော်မြို့ကြီးဆီကို ဝိညာဥ်ဖမ်းဖို့ ရောက်လာကြပေမဲ့လည်း ကွေးမင့်မြို့စားအပါအဝင် လူသေမှုတွေအဆက်မပြတ်ဖြစ်ပေါ်လာတဲ့အခါမှာတော့...လူသေမှုတွေဟာ သာမန်မဟုတ်ဘဲ ထူးဆန်းနေပြီး မင်္ဂလာဝတ်ရုံနီ စက္ကူသတို့သမီးဆိုတဲ့ ဝိညာဥ်သရဲက သတ်ဖြတ်ခြောက်လှန့်မှုတွေလုပ်နေတယ်လို့ သိရတဲ့အခါ...ကျုံးယွမ်ပွဲတော်ကာလ ငရဲတံခါးပွင့်တဲ့ ညအချိန်ပေါ်လာတဲ့ အနီရောင်မင်္ဂလာဝတ်ရုံနဲ့ စက္ကူသတို့သမီးဟာ ရှိုးလော်မြို့ကြီးထဲဝင်ရောက်လာပြီး အိပ်မက်ထဲကနေသရဲတစ္ဆေအဖြစ်ခြောက်လှန့်ပြီး နောက်တစ်နေ့မှာ အစစ်အမှန်သေဆုံးတဲ့လူသေမှုတွေကို ဖြစ်စေတဲ့အခါ...ရှိုးလော်မြို့ကြီးထဲက ကြောက်မက်ဖွယ်ရာ သရဲပုံပြင်ထဲကနေ အံ့သြဖွယ်ရာ အမှန်တရားကို ယင်းယန်ပညာရှင်နှစ်ဦးက ဘယ်လိုဖော်ထုတ်မလဲဆိုတာ...Horror+Mystery ကို တစ်ပြိုင်တည်းပေးစွမ်းပြီး စိတ်လှုပ်ရှားစရာကောင်းကောင်းနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်လေးတစ်ပုဒ်ဖြစ်ပါတယ်