ဆမ်ဟေဒင်ဟာ လုပ်ကြံရေးသမားတွေကို ပြန်သတ်ရတဲ့ လုပ်ကြံရေးသမားတစ်ယောက်ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဒီလုပ်ကြံရေးလောကထဲကနေ ထွက်ချင်လို့ ပျောက်ခြင်းမလှ ပျောက်သွားကြတဲ့ လုပ်ကြံရေးသမားတွေကို လိုက်ရှင်းရတဲ့သူပါ။ ဆမ်ဟေဒင်ရဲ့ ပစ်မှတ်ကတော့ အတော်ကို ရှာရခက်တဲ့ ထိပ်တန်းလုပ်ကြံရေးသမား ချားလ်စ်မန်နာဂိုးလ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရှုပ်ထွေးလှတဲ့ လုပ်ကြံရေးလောကကြီးထဲမှာ သူတို့ကို ပစ်မှတ်ပြန်ထားနေတဲ့ လူသတ်သမားတွေကလည်း များတာမလို့ အဓိကပစ်မှတ်ကို လိုက်ဖမ်းရင်း ကြားကပေါ်လာတဲ့ပြဿနာတွေကိုလည်း ရှောင်တိမ်းဖြေရှင်းရပါတော့တယ်။