Let Me In HD

Let Me In

Drama Horror Mystery HD 2010-10-01 6.792 116 Min

လူတစ်ယောက် ဆေးရုံကိုရောက်လာခဲ့တယ်။ ရဲတစ်ယောက်လည်း နောက်ကလိုက်လာတယ်။ ဘာသာရေးဂိုဏ်းတစ်ခုခုနဲ့ ဆက်နွယ်နေလားလို့ မေးခွန်းထုတ်ဖို့ ကြံနေတုန်းမှာ မထင်မှတ်ထားတာတစ်ခုဖြစ်ခဲ့တယ်။ အဲဒီလူမှာ သမီးလေးတစ်ယောက်ရှိတယ်တဲ့… အိုဝင်ဆိုတာကတော့ ကျောင်းမှာ ကျောင်းသားချင်းအနိုင်ကျင့်ခံနေရတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အိမ်ပြန်လာတော့လည်းအမေပဲရှိတယ်။ အမေကလည်း အဖေနဲ့ ကွဲကွာဖို့ကြံနေတယ်။ ဆိုတော့ အိုဝင်က ငယ်ဘဝ စိတ်ဒဏ်ရာဆိုတဲ့ ခေါင်းစဉ်အောက်က အချက်တော်တော်များများနဲ့သွားကိုက်ညီနေတယ်။ တစ်ရက်မှာတော့ သူအက်ဘီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။  အက်ဘီက သူ့အိမ်နားကိုပြောင်းလာတဲ့ကောင်မလေးတစ်ယောက်။ သူနဲ့အတူ သူ့အဖေလည်းပါလာခဲ့တယ်။ ဒါပေမဲ့ အက်ဘီမှာလျှို့ဝှက်ချက်ရှိတယ်။ သူ့အဖေမှာလည်း လျှို့ဝှက်ချက်ရှိတာပဲ။အရိုးခံနဲ့ အိုဝင်တစ်ယောက်သာ ဘာမှမသိခဲ့တာ။ ဒီလိုနဲ့ အိုဝင်နဲ့အက်ဘီ သူငယ်ချင်းဖြစ်ခဲ့တယ်။ ခက်တာက အိုဝင်မသိတဲ့အချက်တွေ အများကြီးရှိသေးတယ်။ ကျောင်းမှာကလည်း အနိုင်ကျင့်တဲ့လူတွေကရှိနေပြန်တယ်။  ဘယ်လိုမျိုး ဖြစ်သွားမှာလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ကြပါခင်ဗျာ။ ဇာတ်လမ်းလေးကလည်း ဆန်းတာမလို့ ရင်ထဲမှာစွဲငြိပြီးကျန်ခဲ့မှာသေချာပါတယ်။