Yamla HD

Yamla

Drama Romance HD 2025-11-28 8.3 0 Min

ပန်ချာပီစကားပြော မြူဇစ်ကယ်ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ရာ့ဂျ်ဗီးဆင်းဂ်ဟာ ဂီတဝါသနာပါပြီး ရှေးသီချင်းတွေနားထောင်ရတာကြိုက်တဲ့ သူဌေးသားတစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေ သူဌေးကြီးဟာ ဂီတကိုလုံးဝအားမပေးဘဲ ရာ့ဂျ်ဗီးကိုလည်း သူ့ရဲ့လုပ်ငန်းတွေကိုပဲ ဆက်ခံစေချင်ပါတယ်။ ဖခင်ဖြစ်သူနဲ့လုံးဝညှိမရတဲ့ ရာ့ဂျ်ဗီးဟာ အိမ်ပေါ်ကဆင်းလာပြီး ဆတ်ဂျန်ဆင်းဂ်ဆိုတဲ့ သိပ်ကိုလက်ပေါက်ကပ်တဲ့ ရှေးအဆိုတော်ကြီးတစ်ယောက်ဆီမှာ တပည့်ခံဖို့ကြိုးစားရင်း ဆတ်ဂျန်ဆင်းဂ်ရဲ့ သမီးဖြစ်သူကိုပါ ချစ်မိသွားတဲ့အခါမှာတော့...။ရာ့ဂျ်ဗီးဆင်းဂ်တစ်ယောက် ဂီတလမ်းပေါ် တက်လှမ်းဖို့ကြိုးစားပုံနဲ့ အချစ်ရေးမှာရုန်းကန်ရပုံတွေကို ပန်ချာပီသီချင်းကောင်းလေးတွေနားထောင်ရင်း ကြည့်ရှုခံစားရမယ့်ရုပ်ရှင်လေးပဲဖြစ်ပါတယ်။