ဆူနေလ်ဆိုတာက ဘဝမှာ စာမေးပွဲဆိုတာကိုအောင်,အောင်လို့ဖြေရမယ်ဆိုတာ မသိတဲ့လူ။ စာမေးပွဲကိုထင်သလိုကျနေတဲ့လူငယ်တစ်ယောက်။သူ့ဖားသားကြီးကတော့ပြတ်တယ် “ဒီတစ်ခါစာမေးပွဲထပ်ကျလို့ကတော့ အိမ်ရိပ်မနင်းရဘူး ဂိုထောင်ရိပ်ပဲနင်းရမယ် လာ ငါ့ဂိုထောင်မှာလာကူလှည့်” လို့ ရာဇသံထုတ်ပြီးသား။ စာကလွဲအကုန်စိတ်ဝင်စားတဲ့ ဆူနေလ်မှာ ကြိတ်စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူကတော့ ခရစ်ယာန်မိသားစုက အန်နာ။ဆူနေလ်က တစ်ခုတော့ထူးချွန်တယ်။ အဲဒါကတော့ ဂီတ။ဆူနေလ်မှာ လူငယ်သူငယ်ချင်းတွေစုပြီးတော့ ထောင်ထားတဲ့ တီးဝိုင်းလေးတစ်ခုရှိတယ်။ အဲဒီတီးဝိုင်းမှာ အန်နာလည်းပါတယ်။ ဒီလိုနဲ့ အန်နာက တခြားမြို့ကနေပြန်ရောက်လာတော့ ဘူတာရုံမှာသွားကြိုဖို့ကိုပဲ ဆူနေလ်တစ်ယောက်အာရုံရောက်နေခဲ့တယ်။ဒါပေမဲ့ သူ့လိုမျိုး အန်နာကိုသွားကြိုချင်တဲ့လူနောက်တစ်ယောက်ရှိတယ်။ အဲဒါက သူတို့တီးဝိုင်းထဲက သူဌေးသားလေး မောင်ခရစ်စ်။ဒီလိုနဲ့ “အန်နာအချစ်ရရေး မောင်ဆူနေလ်အရေး” မှာခရစ်စ်ဆိုတဲ့ ဆူးခလုတ်က လမ်းလယ်ခေါင်ရောက်လာပြီ။ ကျူပင်ကြီးမဖြစ်ခင်၊ ကျူငုတ်ကို အရင်ခုတ်မှဖြစ်မယ်ဆိုပြီး အန်နာ့အချစ်ကိုရဖို့ ဆူနေလ်တစ်ယောက်ဘယ်လိုမျိုး ကြိုးစားသွားမှာလဲကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။-