16 နှစ်သား Chris က သူ့အဖေကို ခရစ္စမတ်ဘိုးဘိုး တကယ်ရှိကြောင်း သက်သေပြဖို တစ်ဝမ်းကွဲအစ်မ Holly နဲ့အတူ အစီအစဥ်ဆွဲ ကြိုးစားပါတော့တယ်။ အဲဒီကနေ ခရစ္စမတ်သီအိုရီတွေဆွေးနွေးတဲ့ သိပ္ပံပညာရှင်တွေ အတွေးအခေါ်သမားတွေနဲ့တွေ့ပြီး အမှန်တရားနဲ့နီးစပ်ဖို ဘယ်လိုစွန့်စားခန်းတွေထုတ်မလဲဆိုတာကိုစိတ်ဝင်စားစရာဇာတ်ကွက်တွေ၊ ဟာသမျိုးစုံနဲ့ တွေ့ရမှာပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာ သိပ္ပံသီအိုရီတွေ၊ ကြည့်လိုကောင်းတဲ့ ဇာတ်ခန်းနဲ့ ဟာသတွေကြောင့် မလွတ်တမ်းကြည့်သင့်တဲ့ ခရစ္စမတ်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။