Night Patrol HD

Night Patrol

Horror Mystery HD 2026-01-16 1.3 104 Min

သွေးစုတ်စုပ်ကောင်ရဲတွေနဲ့ လူမည်း Crip ဂိုဏ်းချကြတယ်ဆိုတာ မသိရင် Sinner ကိုဒီဘက်ခေတ်မှာပြန်ရိုက်ထားသလိုပဲအတော်လေးကြမ်းပါတယ်။ တစ်နေ့ ဝါဇီဆိုတဲ့လူမည်းရပ်ကွက်ကကောင်လေးက သူ့ GF နဲ့ ကားထဲမှာ အတူနေရင်း ညကင်းလှည့်တဲ့ရဲတွေဖမ်းစစ်တာခံလိုက်ရပါတယ်။ သာမန်ဖမ်းရုံတင်မဟုတ်ဘဲ ကောင်မလေးကို သတ်ဖြတ်ပြီးလည်ပင်းသွေးပါစုပ်ပစ်လိုက်လို့ ဝါဇီပါကြက်သေသေသွားပါတယ်။ နောက်နေ့ သူ့ဂိုဏ်းကလူမိုက်တွေကိုပြန်ပြောပေမယ့်ဘယ်သူမှမယုံကြပါဘူး။တကယ်တော့ တဖက်မှာလည်း  LAPD ရဲစခန်းက ရဲတွေကြားမှာ သေသွားပြီလို့ထင်ကြတဲ့ ရဲအရာရှိတစ်ယောက်ကဖုတ်ကောင်သွေးကိုရသွားပြီး ဖုတ်ကောင်ဖြစ်သွားတာပါ။သူဩဇာညောင်းတဲ့ လက်အောက်ခံရဲတွေကိုလည်း ဖုတ်ကောင်အသွင်ပြောင်းပေးလိုက်ပြီး ညဘက် လူမည်းတွေကိုဝင်ဖမ်းသလိုနဲ့ ခပ်တည်တည် သွေးလိုက်စုပ်သ-တ်ဖြတ်ကြတာပါ။ဒါကိုမခံနိုင်တော့တဲ့ လူမည်းရပ်ကွက်က Crip ဂိုဏ်းနဲ့ သွေးစုတ်ဖုတ်ကောင်ရဲတွေကြားက ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ်ကိုကြည့်ရမှာပါ။