ရော်ဘီဆိုတဲ့ ၁၀ နှစ်သားလေးတစ်ယောက်ဟာ သတင်းကြေညာရတာကိုအရမ်းနှစ်သက်တဲ့ မြူးကြွကြွ ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အဒမ်ကိတ်ဆိုတဲ့ သတင်းကြေညာသူတစ်ယောက်ကို သဲသဲလှုပ်အားပေးတတ်တဲ့ အဒမ်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ရော်ဘီလေးဟာ ကျောင်းကဆရာမကိုပါ သူတို့ကျောင်းရဲ့ ဒေသန္တာရခရီးကို အဒမ်လုပ်နေတဲ့ စတူဒီယိုကိုသွားဖို့အထိပါ တောင်းဆိုနိုင်ခဲ့ပါတယ်။ ရော်ဘီလေးဟာ ဒေသန္တရခရီးမှာ အဒမ်နဲ့ပါတွေ့ခွင့်ရတဲ့အပြင် သတင်းထုတ်လုပ်ရေးဒါရိုက်တာက ရော်ဘီ့ရဲ့စိတ်အားထက်သန်မှုကို တွေ့သွားတဲ့အတွက် ပိတ်ရက်အချိန်အခါမှာ ရော်ဘီ့ကိုအဒမ့်ဆီမှာ တစ်ပတ်အလုပ်သင်သဘောမျိုးဆင်းဖို့ အခွင့်အရေးပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်း ရော်ဘီလေးရဲ့အမေဖြစ်သူလူစီဟာလည်း မကြာခင်ကခင်ပွန်းနဲ့ကွာရှင်းထားပြီးသားနဲ့နှစ်ဦးတည်းရှေ့ဆက်နိုင်ဖို့ အလုပ်ကြိုးစားလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ရော်ဘီလေးရဲ့ အိမ်မက် သူ့ရဲ့မြူးကြွကြွနဲ့ ဝမ်းမြောက်ဝမ်းသာရှိတတ်တဲ့စိတ်လေးဟာ သူ့အပြင် မိသားစုကိုပါ ဘယ်လိုအကျိုးဖြစ်လာစေလဲဆိုတာကို ဒီဇာတ်ကားထဲမှာရသအပြည့်နဲ့တွေ့ကြုံရမှာဖြစ်ပါတယ်။