The Follies HD

The Follies

Drama HD 2025-11-13 6.1 121 Min

ဒီဇာတ်လမ်းကိုတော့ ရီနာတာဆိုတဲ့ သက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအကြောင်းအဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ရီနာတာဆိုသူဟာ ဘဏ္ဍာရေးစီမံတဲ့ကဏ္ဍမှာ အရမ်းတော်ပေမယ့်လည်း ပတ်ဝန်းကျင်ရဲ့ ဖိအားကြောင့် စိတ်ကစဉ့်ကလျားရောဂါဖြစ်သွားရတဲ့ လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်ချိန်တုန်းက သူဟာ လက်ရွေးစင်ဝန်ထမ်းတစ်ဦးဖြစ်ပေမယ့်လည်း စိတ်ရောဂါရှိကြောင်း ရောဂါတပ်ခံရပြီးမှာတော့ သူ့ဖခင်ဖြစ်သူက အိမ်ထဲမှာပဲ သော့ခတ်ပြီးလှောင်ပိတ်ထားရတဲ့အထိဖြစ်လာပါတယ်။ အစပိုင်းမှာတော့ ရီနာဟာ အကျယ်ချုပ်သဘောမျိုးပဲနေခဲ့ရပေမယ့် အချိန်ကြာလာတဲ့အခါမှာ ယဉ်ယဉ်လေးနဲ့ရူး ဆိုတဲ့စကားအတိုင်း မထင်ရင်မထင်သလို စိတ်ထဖောက်တတ်သူဖြစ်ပါတယ်။ ဒီလိုနဲ့ လူတွေဟာ ကိုယ့်ရဲ့စိတ်အလိုဆန္ဒကိုဆန့်ကျင်ပြီး တင်းခံနေထိုင်တဲ့အခါမှာ နောက်ဆုံးအချိန် စိတ်ရောလူပါ ကျန်းမာရေးအလွန်အမင်းဆိုးရွားလာပုံကို ဒီဇာတ်ကားထဲမှာကွက်ကွက်ကွင်းကွင်းရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။