မွတ်စူကိုဟာ ဆူဇူကီးတိုနဲအတူ မိသားစုအရင်းလိုဖြစ်နေပါပြီ။ စာရေးဆရာဆီရောက်လာတဲ့ မိဘမဲ့ကောင်လေးကလည်း သူ့အိမ်က ပြန်လာခေါ်ပေမယ့် ပြန်မလိုက်သွားပဲစာရေးဆရာနဲ့ပဲအတူနေခဲ့တာပါ။ ဒီတော့ စာရေးဆရာလည်း ကလေးကို ထောက်ပံ့ဖိုအတွက်ကြိုးစားရပါတော့တယ်။ တစ်ဖက်မှာလည်း ကလေးကို ကောင်းမွန်တဲ့ဘ၀တစ်ခုမပေးနိုင်ရင်တရားဥပဒေအရပြန်ခေါ်မယ်ဆိုတဲ့စကားကြောင့် စာရေးဆရာတစ်ယောက် ပိုပြီးတောင် ၀န်ပိနေတာပါ။ ဒါနဲ့ပဲ သူလည်း စာပေဆုရရှိအောင်လုပ်ဖိုဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီတော့ သူစာပေဆုကို ရရှိပြီး ကလေးကို ဆက်လက်ခေါ်ထားနိုင်မှာလား။ မွတ်စူကိုတိုမိသားစုလေးမှာရော ဘယ်လိုအပြောင်းအလဲတွေရှိလာမလဲ ဆိုတာကိုတော့ အတူကြည့်လိုက်ရအောင်ပါ။