Sex Education လိုပုံစံမျိုး လူငယ်ဆန်ဆန် indie drama ကြိုက်သူတွေအတွက်ကြည့်သင့်တဲ့ကားဖြစ်မှာပါဇာတ်လမ်းကဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Lindy ကိုအဓိကထားပါတယ်။သူမဟာ ကိုယ့်ကိုယ်ကို သာမန်လူတွေလို မခံစားရဘဲ“လူမှုအသိုင်းအဝိုင်းထဲ ဝင်မဆံ့ဘူး” လို့ အမြဲခံစားနေရတဲ့သူပါ။ဆေးစစ်ဆေးမှုတစ်ခုကြောင့်သူမရဲ့ခန္ဓာကိုယ်ကသာမန်မဟုတ်တဲ့ အခြေအနေတစ်ခု ရှိနေတယ်ဆိုတာ သိလာရပြီးမိန်းကလေးဘဝ၊ လိင်ပိုင်းဆိုင်ရာ၊ အနာဂတ်အကြောင်းစိုးရိမ်မှုတွေ ပိုများလာပါတယ်။သူမဟာ ချစ်သူ၊ မိသားစု၊ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးထဲမှာကိုယ့်ကိုယ်ကို လက်ခံဖို့တဖြည်းဖြည်း သင်ယူလာရပါတယ်။ဇာတ်ကားတစ်ခုလုံးကComedy နည်းနည်းပါပေမဲ့နာကျင်မှုနဲ့ အမှန်တရားတွေကိုလည်း ထိထိမိမိ ပြထားပါတယ်။