ဒါကတော့ christmas romance ကားလေးပဲဖြစ်ပါတယ်။ ရှေ့နေမလေး အန်နီနဲ့ ဒေ့ဆိုတဲ့အမျိုးသားတစ်ဦးက ခရစ္စမတ်မတိုင်မီ ညတစ်ညမှာ အမှတ်မထင်ဆုံတွေ့ခဲ့ကြပြီး မြင်မြင်ချင်းပဲ တစ်ဦးအပေါ်တစ်ဦးခံစားချက်တွေရှိခဲ့ကြပေမဲ့အဲ့ညနောက်ပိုင်းမှာ မထင်မှတ်တဲ့အခြေအနေတွေကြောင့် ပြန်ဝေးကွာသွားတော့ နာမည်တစ်လုံးသာသိတဲ့ သူတို့နှစ်ဦးဟာ ခရစ္စမတ်မတိုင်ခင်တစ်ယောက်ကိုတစ်ယောက်ဘယ်လိုရှာပုံတော်ဖွင့်ကြမလဲ။ ခရစ္စမတ်အပေါ်ရူးသွပ်ပုံချင်းရော ဘ၀အပေါ်ထားတဲ့အမြင်တွေပါတူညီတဲ့လိုက်ဖက်တဲ့သူတို့နှစ်ဦးက ပြန်ရောတွေ့နိုင်ကြဦးမလားဆိုတာကို စောင့်ကြည့်သွားရမဲ့ ခရစ္စမတ်ကာလအချစ်ကားလေးတစ်ကားပါပဲ။