တီလ်ဒါနဲ့အီဒါတို့ဟာ ညီအစ်မနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့မိခင်က အရက်စွဲနေသူပါ။ အရက်စွဲပြီး အမြဲလိုမူးရူးနေတဲ့အတွက်ဆယ်ကျော်သက်ဖြစ်တဲ့ တီလ်ဒါကပဲ ကျောင်းစာ၊ အိမ်စရိတ်အပြင်ညီမငယ်ဖြစ်တဲ့ အီဒါရဲ့တာဝန်အလုံးစုံကိုယူထားရပါတယ်။ဒါ့အပြင် ထူးချွန်ကျောင်းသူဖြစ်တဲ့ တီလ်ဒါကို ဘာလင်မှာပညာသင်ဆုနဲ့ကျောင်းသွားတက်စေဖို့ သူ့ပေါမောက္ခကလည်းစိတ်အားထက်သန်နေပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ တီလ်ဒါတို့ညီအစ်မနဲ့ သူတို့မိခင်ကြားက ဆက်ဆံရေး၊ အီဒါနဲ့အလုပ်နဲ့ကျောင်းပတ်ဝန်းကျင်၊ သူငယ်ချင်းတွေကြားက ဇာတ်လမ်းလေးတွေကိုအလွှာအထပ်ထပ်နဲ့တို့ထိထားတာကိုခံစားရမှာဖြစ်ပါတယ်။ အောင်မြင်မှုရခဲ့တဲ့ အမည်တူ၀တ္ထုကိုအခြေခံတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့အကောင်းမြင်မှတ်ချက်တွေကိုရရှိထားတဲ့ လက်ရာမြောက်ဇာတ်ကားတစ်ကားပါ။