IMDB မှာ Rating 7.5 အထိတောင်ရထားတဲ့ အီတလီစကားပြော Political dramaကားလေးဖြစ်ပြီး ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆု ၈ ခုထိသိမ်းပိုက်ထားတဲ့ ကားကောင်းပါ။La Grazia” ဆိုတဲ့ အီတလီအမည်ကိုယ်တိုင်က Grace = ခွင့်လွှတ်ခြင်း / သနားခြင်း / လက်ခံခြင်း ဆိုတဲ့ အဓိပ္ပါယ်ပါ။သမ္မတလို အာဏာမြင့်ဆုံးနေရာမှာရှိတဲ့လူဟာ လူတွေအများကြီးကြားမှာ ရှိနေသလို ထင်ရပေမယ့်တကယ်တော့ အမြင့်ဆုံးနေရာမှာ သူ့ကိုနားလည်နိုင်တဲ့လူမရှိဘဲအထီးကျန်နေတဲ့လူတစ်ယောက်လိုဖြစ်နေကြောင်းပြထားပါတယ်။ ဆုံးဖြတ်ချက်ကြီးတွေချရတဲ့အခါ ဘယ်သူမှ သူ့စိတ်ကိုအပြည့်အဝ နားမလည်နိုင်သလိုခေါင်းဆောင်တစ်ယောက်ရဲ့ ဆိတ်ဆိတ်နေမှု တန်ဖိုးကို ပြထားတယ်။နိုင်ငံရေး၊ အာဏာ၊ တာဝန်တွေကြားမှာသူဟာ “သမ္မတ” ဖြစ်နေသလိုပဲတစ်ဖက်မှာတော့ “လူသား” တစ်ယောက်ပါ။သူ့ရဲ့နောက်ဆုံး နိုင်ငံရေးတာဝန်တွေကနေ အနားယူတော့မယ့် အချိန်မှာ သူ့ရဲ့ တစ်ချိန်က အရမ်းချစ်ခဲ့ရတဲ့ အော်ရိုရာလေးကို ပြန်လမ်တမ်းတရင်း နေဝင်ချိန်ကို ဖော်ပြသွားပါတယ်။