The Voice of Hind Rajab HD

The Voice of Hind Rajab

Drama HD 2025-09-10 8.2 89 Min

ဒီတစ်ခါတော့ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု Docudrama ကားလေးတစ်ကား တင်ပေးထားပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဂါဇာက စစ်ပွဲကြားမှာ ပိတ်မိပြီးအကူအညီတောင်းခဲ့တဲ့ ၆ နှစ်သမီးလေး ဟင်ဒ် ရာဂျပ် (Hind Rajab) ရဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ဒီကားက ရိုးရိုးစစ်ပွဲကားတွေလို ပစ်ခတ်မှုတွေကို အသားပေးရိုက်ထားတာ မဟုတ်ပါဘူး။ ကားထဲမှာ မိသားစုဝင်တွေ အ-တ်ခံလိုက်ရပြီး တစ်ယောက်တည်း ကျန်ခဲ့တဲ့ သမီးငယ်လေး ဟင်ဒ်ကပါလက်စတိုင်း လခြမ်းနီအသင်း (Red Crescent) ဆီကို ဖုန်းဆက်ပြီး အကူအညီတောင်းတဲ့ အခြေအနေကို အဓိက ပုံဖော်ထားတာပါ။ဒီကားရဲ့ အထူးခြားဆုံး အချက်ကတော့ သရုပ်ဆောင်တွေက အဖြစ်အပျက်ကို ပြန်လည်သရုပ်ဖော်ထားပေမဲ့ ကားထဲမှာ ကြားရတဲ့ ကလေးမလေးရဲ့ အသံကတော့ အသစ်ပြန်သွင်းထားတာမဟုတ်ဘဲ တကယ့်အဖြစ်အပျက်တုန်းက ဖုန်းပြောခဲ့တဲ့ အသံဖိုင်အစစ် (Real Audio) ကို သုံးထားတာပါပဲ။ဇာတ်လမ်းက Red Crescent အရေးပေါ်ဌာနက တာဝန်ရှိသူတွေအနေနဲ့ ဟင်ဒ်လေးကို ကယ်တင်ဖို့ ဘယ်လို ကြိုးစားခဲ့ကြတယ်၊ တစ်ဖက်က စစ်တပ်နဲ့ ညှိနှိုင်းရတာတွေ ဘယ်လောက်ခက်ခဲခဲ့တယ်၊ ဖုန်းလိုင်းတစ်ဖက်က ကြောက်လန့်နေတဲ့ ကလေးငယ်လေးကို နှစ်သိမ့်ပေးဖို့ ဘယ်လောက်တောင် စိတ်ထိခိုက်စရာကောင်းလဲ ဆိုတာတွေကို ဆွဲဆောင်မှုရှိရှိ ရိုက်ပြထားပါတယ်။ဒါရိုက်တာ Kaouther Ben Hania ရိုက်ကူးထားတဲ့ ဒီကားဟာ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဆုတွေရထားသလို ကြည့်ရှုသူတွေကိုလည်း မျက်ရည်မဆည်နိုင်အောင် ဖြစ်စေခဲ့ပါတယ်။ စစ်ပွဲရဲ့ရက်စက်မှုနဲ့ လူသားဆန်မှုရဲ့ တန်ဖိုးကို မီးမောင်းထိုးပြထားတဲ့ ကားကောင်းတစ်ကားမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။