ပညာရေးကို အထွတ်အမြတ်ထားကြတဲ့ ဆွာရဆွာတီပူရမ်ရွာလေးမှာရိုးသားကြိုးစားတဲ့ နီလာကန်တာတစ်ယောက် ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ဒီဘ၀မှာ မကျူးလွန်မိပါဘဲနဲ့ ဝဋ်ကြွေးဆိုတာမျိုးက ကြုံတွေ့တတ်တော့နီလာတစ်ယောက် သူ မကျူးလွန်မိတဲ့အမှုအတွက် ပြစ်ဒဏ်ကြီးကြီးချမှတ်ခံခဲ့ရရှာတယ်။ဒါပေမဲ့လည်း အမေမှာကြားခဲ့တဲ့စကားတွေကို တစ်သဝေမတိမ်းနားထောင်ပြီးအဖေဖြစ်သူကို အလေးအမြတ်ထားတတ်တဲ့ နီလာတစ်ယောက် ကြုံလာသမျှကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း လောကဓံကို ဘယ်လိုအနိုင်ယူမလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ တလေဂူးစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။