မိုးရာသီရဲ့မိုးစက်တွေကြားမှာ ဇနီးနဲ့သားလေးဆီကို ကတိအတိုင်း ပြန်ရောက်ရှိလာတဲ့ချင်ထျန်းတစ်ယောက်...တစ်ဖန်ပြန်ရောက်ရှိလာတဲ့ ချင်ထျန်းဟာ အတိတ်မှတ်ဉာဏ်တွေကို မေ့လျော့နေခဲ့ပါတယ်... ဒါပေမဲ့ မှတ်ဉာဏ်သစ်တွေနဲ့ ချစ်ရသူအမျိုးသမီးလေးနဲ့ သားလေးအပေါ် ချစ်ခြင်းမေတ္တာတွေအပြည့်အဝ ပေးရင်း ဘယ်လိုအလှည့်အပြောင်းတွေ ကြုံလာရမလဲဆိုတာ...ချင်ထျန်းရဲ့ချစ်ရတဲ့ဇနီးဖြစ်သူ ရှောင်းဖန်ကရော ချစ်ရတဲ့သူပြန်ရောက်လာပြီး ပြန်ဆုံစည်းရတဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကိုခံစားရပေမဲ့လည်း တစ်ဖန် ပြန်လည်ခွဲခွာရဖို့ဖြစ်လာမဲ့ ကံကြမ္မာကိုလည်း ဘယ်လိုရင်ဆိုင်မလဲဆိုတာ...မိုးရာသီရဲ့အလှတရားကို အနက်အဓိပ္ပါယ်အပြည့်နဲ့ဖော်ဆောင်ထားပြီး နူးညံ့ပြီးတော့ ကြည်နူးစရာကောင်းတဲ့အချစ်ဇာတ်လမ်းလေးအနေနဲ့ ချစ်ခြင်းတရားက အချိန်ရဲ့နိယာမ တရားကြီးကို ကျော်လွှားနိုင်ပုံတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်...ဂျပန်နဲ့ကိုရီးယားဗားရှင်းတွေကိုကြည့်ရှုဖူးသူတွေအနေနဲ့လည်း တရုတ်ဗားရှင်းအနေနဲ့ တစ်ဖန်ဆန်းသစ်တဲ့ စိတ်ခံစားချက်လေးကို ဖော်ဆောင်ပေးမဲ့ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်