Project Y HD

Project Y

Crime Drama HD 2026-01-21 6.5 109 Min

တစ်ယောက်အပြင် တစ်ယောက်မရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြတဲ့ ယွန်းမီဆွန်း (Han So-Hee) နဲ့ အီဒိုဂယောင်း (Jun Jong-Seo) တို့ဟာ လက်ရှိ အောက်‌ခြေဘဝကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျားကုတ်ကျားခဲ ပိုက်ဆံစုလာခဲ့ကြပေမဲ့ ကံအကြောင်းမလှဘဲ ဗီလာမှာ နေဖို့ စာချုပ်ချုပ်ထားတဲ့ ပိုက်ဆံ သိန်း ၇ ထောင်က မန်နေဂျာချွဲဆိုသူရဲ့ လိမ်လည်ခြင်းကို ခံလိုက်ရတဲ့အပြင် အဲဒီလူလိမ်က သေပါ သေဆုံးသွားပါတော့တယ်။ဒီလိုနဲ့ နှစ်ယောက်သား လမ်းပျောက်နေကြစဉ်မှာပဲ သူဌေးထို (Kim Sung-Cheol) ဆိုသူက ဂယောင်းဂီဒိုတစ်နေရာမှာ ငွေသား သိန်း ၇ ထောင်ကို မြှုပ်ထားတယ်ဆိုတဲ့ သတင်းကို ကြားသိလိုက်ရတဲ့အခါမှာတော့...သူတို့နှစ်ဦး ငွေသားတွေကို အောင်အောင်မြင်မြင် ပြန်အရယူပြီး ဘဝသစ်နဲ့ နေထိုင်သွားနိုင်မှာလား....ငွေသားတွေ မြှုပ်ထားတဲ့နေရာကို လိုက်ရှာရင်း ဘယ်လို အခက်အခဲ၊ အလှည့်အပြောင်းတွေကို တွေ့ကြုံရဦးမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။