ဘက်ဂျက် ၂၁ ကုဋေကို ၁၅ ရက်အတွင်း ပြန်ရှာနိုင်ခဲ့တဲ့မင်းသားချော ရှဝါနမ်ရဲ့ တီလဂူးရုံတင် ပေါက်ကားလေးကို တင်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ အတည်ပေါက်ဟာသတွေကြောင့် ပေါ့ပေါ့ပါးပါးရယ်မောရမယ့် အချစ်ဟာသရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ဂါသမ်ဟာ နီသယာဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်နေတာပါ။ နီသယာရဲ့အဖေက ကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပြီး ဂါသမ့်အဖေကတော့ လူငယ်ပုံစံနဲ့ ပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ နီသယာနဲ့ ဂါသမ်ကို နီသယာရဲ့အဖေရှေ့နေကြီးက သဘောမတူတာကြောင့် နှစ်ဦးနှစ်ဖက်ညှိနှိုင်းနေကြတုန်းမှာပဲ ဂါသမ့်ဘဝထဲကို ဒီယာဆိုတဲ့ နောက်ထပ်မိန်းကလေးတစ်ယောက်ဝင်လာတဲ့အခါမှာတော့။မိန်းကလေးနှစ်ယောက်ကြားမှာ ဗျာများမယ့် ဂါသမ်ရဲ့ အကျပ်အတည်းတွေကို ဒီရုပ်ရှင်ထဲမှာပေါ့ပေါ့ပါးပါးမြင်တွေ့ကြရမှာပါ.....