Sijjin 8 FHD

Sijjin 8

Horror FHD 2025-06-05 4 104 Min

ကမ္ဘာ့ဟော်ရာရုပ်ရှင်လောကမှာ ခပ်မြင့်မြင့်အဆင့်တစ်ခု၊ တူရကီဟော်ရာလောကမှာတော့ ထိပ်သီးနေရာက ရပ်တည်နေတဲ့ Siccin ရုပ်ရှင်စီးရီးစ်ရဲ့နောက်ဆုံးထွက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မိခင်အိုကြီးကို အိမ်မှာထားဖို့ မသင့်လျော်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့လူအိုရုံပို့လိုက်ပြီးနောက်ပိုင်းမှာ နေမထိထိုင်မသာ အိမ်မက်ဆိုးတွေမက် ထိတ်လန့်စရာတွေကြုံလာရတဲ့ ဖာတစ် တို့မိသားစုကိုတွေ့မြင်ရပါလိမ့်မယ်။ နောက်ဆုံးတော့ လိပ်ပြာမလုံစိတ်ကြောင့်မိခင်ဖြစ်သူကို အိမ်ပြန်ခေါ်လာခဲ့ပေမယ့် အခြောက်အလှန့်နဲ့အိမ်မက်ဆိုးတွေဟာ ပိုလို့တောင် ဆိုးဝါးလာပြီး အဝေးမှာနေထိုင်တဲ့ သမီးကြီးဖြစ်သူကိုပါထိခိုက်တဲ့အထိဖြစ်လာခဲ့ပါတော့တယ်။Siccin ဇာတ်ကားတွေထုံးစံအတိုင်း Jump scare တွေ၊ သွေးထွက်သံယိုတွေ၊အောက်လမ်းအတိုက်တွေ ဖောဖောသီသီပါဝင်တဲ့အတွက် ကြည့်ရဲမှကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။