Forgetting Sarah Marshall HD

Forgetting Sarah Marshall

Comedy Drama Romance HD 2008-04-17 6.503 111 Min

Forgetting Sarah Marshall (2008) ဟာ ရိုးရိုးရှင်းရှင်းနဲ့ ရယ်ရတဲ့ Comedy ကားလေးဖြစ်ပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့အခါမှာတော့ လမ်းခွဲပြတ်စဲခြင်းရဲ့ နာကျင်မှုကို တကယ်ထိထိမိမိခံစားရစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ ဂီတပညာရှင် Peter (Jason Segel) တစ်ယောက် သူ့ရဲ့ ချစ်သူ မင်းသမီးချောလေး Sarah Marshall (Kristen Bell) နဲ့ လမ်းခွဲလိုက်ရတာကနေ စတင်ပါတယ်။အသည်းကွဲပြီး ကျန်ရစ်ခဲ့တဲ့ Peter ဟာ စိတ်ပြေလက်ပျောက်ဖြစ်အောင် Hawaii ကျွန်းကို အပန်းဖြေခရီးထွက်ခဲ့ပေမဲ့ ကံဆိုးချင်တော့ သူတည်းခိုတဲ့ Hotel မှာပဲ Sarah နဲ့ သူမရဲ့ ချစ်သူအသစ်Rock အဆိုတော်ကြီးတို့နဲ့ သွားတိုးပါတော့တယ်။ဒီကားက တစ်ချိန်လုံး ရယ်နေရသလို တစ်ဖက်မှာလည်း အသည်းကွဲနေတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်ကို သရော်ပြီး ပြသွားတာတော်တော်လေး ကောင်းပါတယ်။ Jason Segel ရဲ့ အူကြောင်ကြောင် နိုင်လှတဲ့ သရုပ်ဆောင်မှုအပြင်၊ Hotel ဧည့်ကြိုမလေးအဖြစ် သရုပ်ဆောင်တဲ့ Mila Kunis ကလည်း အရမ်းကိုချစ်ဖို့ကောင်းသလို၊ Russell Brand ရဲ့ ဗရုတ်သုတ်ခ ဇာတ်ကောင်ကလည်း ဇာတ်လမ်းကို ပိုကြွစေပါတယ်။ အတိတ်က လူတစ်ယောက်ကို မေ့ပစ်ဖို့ ကြိုးစားတာထက် ကိုယ့်ကိုယ်ကိုပြန်ရှာဖွေဖို့က ပိုအရေးကြီးတယ်ဆိုတဲ့ point လေးကို လှလှပပ တင်ဆက်ထားပါတယ်။"Forgetting Sarah Marshall ဟာ အသည်းကွဲနေတဲ့သူတွေအတွက် ဆေးတစ်ခွက်ဖြစ်သလို၊ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပြန်စချင်သူတွေအတွက် ခွန်အားပေးမယ့် ဇာတ်ကားမျိုးပါ။"