ရူးဆလန်ကရုရှလူမျိုးဖြစ်ပြီး ၊အရင်ကလူဆိုးဂိုဏ်းသားဖြစ်ခဲ့ပေမဲ့၊ အခုတော့မူခင်းဆိုင်ရာဝတ္ထုတွေရေးပြီးအေးအေးလူလူဘဝကိုဖြတ်သန်းနေပါတယ်။တစ်ရက်ကျတော့သူ့သမီးကလက်ထပ်တော့မှာမို့လက်ထပ်မင်္ဂလာပွဲကို၊လာတက်ပေးဖို့သူ့ဇနီးဟောင်းက၊ဖုန်းဆက်လာပါတယ်။သူ့ကိုဖိတ်လိုက်တာကိုသူ့ဇနီးဟောင်းရဲ့ယောကျာ်းဂိုးလ်စတိန်းကလုံးဝသဘောမတူပါဘူး။သူ့သမီးလေးက ခရိုင်ရှေ့နေရုံးက၊အစိုးရရှေ့နေမလေးပါ။သူ့သမီးလက်ထပ်မယ့်စတက်ဖန်ရဲ့လက်ကတက်တူးကိုတွေ့သွားတော့၊လူဆိုးဂိုဏ်းသားလားလို့ရူးဆလန်ကမေးလိုက်ပါတယ်သတို့သားရဲ့အဖေကသြဇာအာဏာရှိတဲ့လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်နေတာပါ။စတက်ဖန့်အဖေက၊သူ့ခြေရာကိုနင်းစေချင်ပေမဲ့၊စတက်ဖန်ကအဲဒီအလုပ်တွေကိုမလုပ်ပါဘူး။လက်ထပ်မင်္ဂလာပွဲအတွက်၊ဘုရားရှိခိုးကျောင်းကိုသွားခါနီးလေးမှာပဲ၊သားအမိနှစ်ယောက်ကိုလူဆိုးတွေကရက်ရက်စက်စက်ဝင်သတ်သွားကြပါတယ်။ဓားပြတိုက်တာလိုလိုထင်အောင်အကွက်ချထားခဲ့ပါသေးတယ်။ဇနီးဟောင်းကနေရာတင်ပွဲချင်းပြီးသေသွားပြီး၊သမီးလေးက၊အပြင်းအထန်ဒဏ်ရာရသွားပါတယ်။သူ့သမီးအသက်ရှင်နေတာကိုလျို့ဝှက်ထားဖို့စုံထောက်တွေနဲ့ ရူးဆလန်သဘောတူလိုက်ပါတယ်။တကယ့်ယောကျာ်းကောင်းဆိုတာ၊ဒီလိုရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့သူတွေကိုပြန်ပြီးလက်စားချေရတယ်လို့ ၊သူ့သမက်လောင်းကိုရူးဆလန်ကပြောပြီး၊နှစ်ယောက်သားကလူသတ်သမားတွေရဲ့သဲလွန်စတွေကိုလိုက်ရှာကြပါတယ်။သူ့သမီးလေးကိုပေးခဲ့တဲ့၊လက်ထပ်လက်စွပ်ကနေသဲလွန်စတွေရလာပြီး၊တစ်စတစ်စနဲ့၊တရားခံတွေကဘယ်သူတွေလဲ၊ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာတွေပေါ်လာသလို၊ရေကုန်ရေခန်းသူသေကိုယ်သေတိုက်ရမဲ့ ၊တိုက်ပွဲတွေဖြစ်လာပါတော့တယ်။အက်ရှင်ဇာတ်လမ်းကြိုက်တယ်၊ သဲလွန်စတွေနဲ့ တရားခံပေါ်အောင်ဘယ်လိုက်လိုက်တယ်ဆိုတာကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက်၊ဒီဇာတ်ကားက၊အကြိုက်တွေ့မယ့်ဇာတ်ကားပါ။