The Christmas Cup HD

The Christmas Cup

Romance HD 2025-11-30 4.8 84 Min

ခရစ္စမတ်ကာလရောက်ပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားပေါ့ပေါ့ပါးပါးလေးတွေ ကြည့်ရမဲ့အချိန်ပါပဲနော်....ဇာတ်လမ်းလေးကတော့ အကြီးတန်းတပ်ကြပ်ကြီး ကယ်လီဘရန့်တစ်ယောက် ဒူးမှာထိခိုက်ဒဏ်ရာရသွားလို့ တာဝန်မှအနားယူရတဲ့အချိန်မှာ ခရစ္စမတ်ကာလ အားလပ်ရက်အနေနဲ့အနားယူဖို့သူနဲ့ကင်းကွာနေခဲ့တာကြာပြီဖြစ်တဲ့ အိမ်ကို ပြန်ခဲ့ရပါတော့တယ်....အဲ့ဒီမြို့ကလေးမှာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ခရစ္စမတ်ဖလားပွဲမှာ   နှစ်စဥ်နီးပါးရှုံးနေတဲ့ သူတို့မိသားစုအသင်းရဲ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အတွက် သူမဟာအသင်းကပ္ပတိန်အဖြစ်ဆောင်ရွက်ရဖို့အကြောင်းဖန်လာခဲ့ပါတော့တယ်.....တဖက်မှာလဲ နိုင်ငံတော်ကနေ ရာထူးတာဝန်အကြီးကြီးပေးအပ်ခံရပြီး အဝေးကိုပြန်ထွက်သွားရဖို့ဖြစ်လာတဲ့အခါ....အသင်းကပ္ပတ်ိန်လုပ်ရင်း သူမဘဝရဲ့အရေးပါတဲ့အရာတွေကို ဘယ်လိုရွေးချယ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်....