100 Songs for Stella HD

100 Songs for Stella

Drama Romance HD 2025-09-05 5 129 Min

နာမည်ကျော်ခဲ့တဲ့ 100 Tula Para Kay Stella ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး မပြီးပြတ်သေးတဲ့ဖီဒယ်နဲ့စတယ်လာတို့ရဲ့ဇာတ်လမ်းကို လက်ရှိဘ၀တွေနဲ့ပြန်လည်စတင်ထားပါတယ်။ဖခင်ဆုံးပါးမှုကြောင့်စိတ်ဓာတ်ကျပြိုလဲနေတဲ့ ဖီဒယ်ဟာ အလုပ်ထွက်လိုက်ပြီးတဲ့နောက် သူအမွေရခဲ့တဲ့ ခြံနဲ့အိမ်ကိုငှားပြီး တစ်ဖက်ကတက်သစ်စအဆိုတော် သူ့သူငယ်ချင်းကလိုက်ဒ်ရဲ့နောက်ကွယ်က ရှဲဒိုးတေးရေးအဖြစ်အသက်မွေးနေခဲ့ပါတယ်။စတယ်လာကတော့ အခုချိန်မှာ ဒိတ်တင်ပွဲတွေစီစဉ်တဲ့ Rainstar ကုမ္ပဏီကိုတည်ထောင်ထားပြီး ကုမ္ပဏီကလုပ်တဲ့ပွဲတစ်ခုမှာ ကလိုက်ဒ်နဲ့တွေ့ဆုံရင်းနှီးသွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ကလိုက်ဒ်ရဲ့သီချင်းတွေဟာ သူနဲ့သိပ်ရင်းနှီးသလိုဖြစ်နေတာ ခံစားမိလာတဲ့ စတယ်လာဟာ သူ့ပွဲတစ်ပွဲကို ဖီဒယ်ရဲ့ခြံထဲမှာ ငှားပြီးလုပ်ဖြစ်တဲ့ အချိန်မှာသူတို့နှစ်ယောက်ပြန်ဆုံဆည်းဖြစ်ခဲ့ကြပြီး သုံးပွင့်ဆိုင်ဇာတ်လမ်းလေးတစ်ခု အစပျိုးလာပါတော့တယ်။ ဒီတစ်ခါရော သူတို့နှစ်ယောက်ဆုံဆည်းခြင်းနဲ့အဆုံးသတ်နိုင်မလား? သီချင်းကောင်းကောင်းလေးတွေ၊ မျက်စိပသာဒဖြစ်စရာ ရှုခင်းတွေ ရိုက်ချက်တွေနဲ့အတူဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဖွဲ့စည်းထားတဲ့ အချစ်ဇာတ်လမ်း လှလှလေး တစ်ပုဒ်ဖြစ်ပါတယ်။