Private Peaceful HD

Private Peaceful

Drama Romance War HD 2012-10-12 6.6 100 Min

1917 တို့ Munich The Edge of War တို့လို့ စစ်ကားကောင်းတွေနဲ့ နာမည်ကြီးတဲ့ George MacKay ရဲ့ စစ်ကားဟောင်းလေးပါဒီကားက စစ်ကားဆိုပေမဲ့ ဒရမ်မာနဲ့ရောထားတဲ့အတွက်တစ်မျိုးကြည့်ကောင်းပါတယ်..ပထမကမ္ဘာစစ်မှာ ဂျာမန်တွေကိုတိုက်ဖို့ စစ်ထဲမဖြစ်မနေဝင်ခဲ့ရတဲ့ ဗြိတိန်လူငယ် လယ်သမားလေးတွန်မီရဲ့ ဘဝကိုပြထားတယ် Tommo နဲ့ သူ့အစ်ကို Charlieတို့ဟာဆင်းရဲပေမယ့် နွေးထွေးတဲ့ မိသားစုတစ်ခုမှာကြီးပြင်းလာကြသူတွေပါ။ကလေးဘဝမှာပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ချစ်ခြင်းမေတ္တာတွေရှိခဲ့သလိုကြီးပြင်းလာတဲ့အခါစစ်ပွဲကြောင့်သူတို့ဘဝတွေ ပြောင်းလဲသွားရပါတယ်။စစ်ထဲရောက်ပြီးနောက်သူတို့ဟာမလိုလားအပ်တဲ့အမိန့်တွေ၊လူသားဆန်မှုနဲ့ ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေကိုကြုံတွေ့ရပါတော့တယ်။နောက်ဆုံးမှာTommo သတိရနေတဲ့အရာကစစ်ပွဲဟာသူရဲကောင်းဆန်မှုထက်နာကျင်မှုနဲ့ ဆုံးရှုံးမှုကိုပိုပေးတတ်တယ်ဆိုတဲ့ အမှန်တရားကိုပါပဲ..