အချစ်ကို ကစားပွဲတစ်ခုလို သဘောထားပြီး တစ်ဖက်လူရဲ့ စိတ်ကို အရည်ပျော်သွားအောင် ဆွဲဆောင်တတ်တဲ့ “ဆရာကြီး” နှစ်ယောက် ထိပ်တိုက်တွေ့ရင် ဘာဖြစ်လာမလဲ။“Art of Seduction” က အဲဒီမေးခွန်းကို ဟာသရော၊ ရိုမန့်စ်ရော ပေါင်းစပ်ပြီး အဖြေပေးသွားမယ့် ကားလေးတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ကျွန်မတို့အားလုံး ချစ်ခင်ကြတဲ့ မင်းသမီးချော Son Ye-jin နဲ့ မင်းသား Song Il-gook တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။သူတို့နှစ်ယောက်လုံးက အပြင်ပန်းမှာတော့ ရိုးရိုးအေးအေး လူကောင်းလူသန့်လို ဟန်ဆောင်ထားပေမယ့် အမှန်တကယ်တော့ အချစ်ရေးမှာ တစ်ဖက်လူကို ဖမ်းစားနိုင်ဖို့ နည်းလမ်းပေါင်းစုံ သုံးတတ်တဲ့ ဝါရင့် “Player” တွေပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဒီလို အချစ်ရေးကျွမ်းကျင်တဲ့ လူလည်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပိုင်ဖမ်းဖို့ ကြိုးစားရင်း ဖြစ်ပေါ်လာတဲ့ အလွဲအချော်တွေ၊ အပြိုင်အဆိုင်တွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဘယ်သူက အရင် စိတ်ညွတ်သွားမလဲ၊ ဘယ်သူက ဒီကစားပွဲမှာ အနိုင်ရမလဲဆိုတာကို ရင်ခုန်စရာနဲ့ ကြည့်ရှုရမှာဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားက အချစ်ဆိုတာ ပရိယာယ်တွေ သုံးနေရုံနဲ့ မလုံလောက်ဘဲ “အစစ်အမှန်” ဆိုတဲ့အရာက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ပြောင်ပြောင်မြောက်မြောက်ပြသပေးထားပါတယ်။ မင်းသမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ပရိယာယ်တွေ၊ မင်းသားရဲ့ သဘာဝကျတဲ့ ဆွဲဆောင်မှုတွေကို တွေ့မြင်ရမှာဖြစ်လို့ ရိုမန့်တစ်ဟာသကား ကြိုက်သူတွေအတွက်တော့လက်မလွတ်သင့်တဲ့ ကားဟောင်းကောင်းလေး တစ်ကားပဲဖြစ်ပါတယ် “အချစ်မှာ ဘယ်သူက ပိုကျွမ်းကျင်လဲ"ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ အတူတူ အဖြေရှာကြည့်လိုက်ရအောင်နော်။